ပုလောမြို့နယ်ရုံး၌  စိုက်ပျိုးရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

ပုလော   ဇွန်    ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် ၂ နာရီက ပုလောမြို့နယ် (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

Talk Show တွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးဝင်းက အောင်မြင်ဖြစ်ထွန်းသော သီးနှံများရရှိစေရန်နှင့် မျိုးကောင်းမျိုးသန့်များရရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးမှုကို တောင်သူများသိရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးဝင်းက စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါး တစ်ဧကအထွက်နှုန်းတိုးတက်စေရန် မျိုးသစ်မျိုးစေ့များကို ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မြေမှန်မျိုးမှန်၊ စိုက်နည်းမှန်ဖြစ်စေရေး ပညာပေးဆွေးနွေးလျက်ရှိကြောင်း၊ တောင်သူများ၏  လိုအပ်ချက်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုလောမြို့နယ်၌ တောင်သူ ၆၆၆၁ ဦးရှိပြီး မိုးစပါး စိုက်ဧက ၃၉၆၈၇ ရှိကြောင်း၊ တစ်မြို့နယ် တစ်ရွာဆောင်ရွက်သည့် ရှပ်ပုံကျေးရွာအုပ်စု ရေချိုကျေးရွာ၌ မျိုးသန့်မျိုးစေ့ထုတ်ဧက ၃၅ ဧက နှင့် ကျန် ၂၆၅ ဧကတွင် ဆင်းသုခ မျိုးကောင်းများ ဖြန့်ဝေပံ့ပိုးပေးပြီး စိုက်ပျိုးလျက်ရှိကြောင်း၊ ပုလောမြို့နယ်၌ ဒေသလူဦးရေ၏ မိုးစပါး အတွက်နှုန်း ၇၀.၈၃ ရှိကြောင်း ပုလောမြို့နယ်၌ စပါးအပြင် နှစ်ရှည်သီနှံများဖြစ်သည့် ရာဘာနှင့် ဆီအုန်းများထွက်ရှိပြီး  ကိုကိုးနှင့် ကော်ဖီပင်များကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးနိုင်ရန်  ရာဘာပျိုးပင်  ၅၀၀၀၊ လိမ္မော် ၂၀၀၊ ထောပတ် ၇၀၊ မက္ကဒေးမီးယား ၁၀၀ ပင်တို့ကို တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျို ရေးဦးစီးဌာန အနေဖြင့် တောင်သူများနှင့် စည်းရုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

အေးအေးမော်(ပုလော)