ကျောက်ဆည် ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာညီညီနိုင် ဘာသာပြန်ရေးသားထားသည့် အိုင်(၇)လုံး ခေါင်းဆောင်စာအုပ်အား ယနေ့နံနက်(၁၀)နာရီခွဲက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စာဖတ်ဝို်ငးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက အိုင်(၇)လုံး ခေါင်းဆောင်စာအုပ်တွင်ပါရှိသော ပကတိအဖြစ်ကို ဆန်းစစ်ခြင်း၊ ထူးခြားပြောင်မြောက်သောအရည်အသွေး၊ ကြိုက်နှစ်သက်အောင်ဆွဲဆောင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ ခေါင်းဆောင်မှုပုံစံနှင့် အိုင်(၇)လုံး ဆိုသည်မှာ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်)က ထိုးထွင်းသိမြင်မှု၊ ရှေ့ဆောင်တီထွင်မှု၊ ဉာဏ်ကွန့်မြူးနိုင်မှု၊ ဖြတ်ထိုးဉာဏ်ရှိမှု၊ တစ်ကိုယ်ရေထူးချွန်မှု၊ အကောင်အထည်ဖော်ခြင်း၊ ဆုံးဖြတ်ချက်များချခြင်း၊ လက်တွေ့ကျသည့်အလုပ်များ စသည့်အကြောင်းအရာများနှင့် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကိုယ့်ကိုကိုယ်သိခြင်း၊ တစ်ခြားလူများကိုနားလည်ခြင်း၊ အခြေအနေကိုသိမြင်ခြင်း၊ တာဝန်ယူခြင်း၊ စွန့်စားခြင်း၊ ညွှန်ကြားခြင်း၊ ခွန်အားရှိခြင်း၊ ရည်မှန်းချက်၊ အမြော်အမြင်ကြီးခြင်း၊ တစ်ကိုယ်ရေရင်းနှီးမြှုပ်နှံခြင်း၊ ဖန်တီးတီထွင်ခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)