ကွမ်းခြံကုန်း ဇွန် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်လွဲ (၁) နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင်များနှင့် (Women Club) ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦး က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင် မောင်ချစ်စမ်းမောင်က စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် တန်းဖိုးရှိလှလူငယ်ဘဝ အကြောင်းအရာများကို တက်ရောက် လာသည့် စာပေချစ်သူများနှင့် အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့ စာကြည့်တိုက် Online page မှ တဆင့်စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များ ငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ သင်တန်းများ၊ ကျင်းပပြုလုပ်ပေးခြင်း (Talk Show) နှင့် စာဖတ်ဝိုင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ဆွေနွယ် IPRD)