မိုင်းလုံ ဇွန် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Coomunity Centre)၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းလုံမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အကြောင်းကိုဆွေးနွေးခဲ့ပြီး မူလတန်းပြ ဆရာဦးအောင်ကျော်ဖြိုးက "ဆယ်ကျော်သက်ဆိုတာ အင်မတန် လက်တည့်စမ်းတတ်ကြသူတွေပါ။ ဆေးလိပ်၊ အရက်ကစလို့ မူးယစ်ဆေးဝါးအထိလည်း အဖော်ကောင်းရင်ကောင်းသလို စမ်းတတ်ကြပါတက်တဲ့အရွယ်ဆိုတော့ မူးယစ်ဆေးဝါးများကို စမ်းမသုံးမိစေရန်" မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်းနှင့် မူးယစ်ဆေးဝါးစွဲခြင်းဆိုတာ ကြိုတင်ကာကွယ် ကုသနိုင်တဲ့အရာများ စသည့် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခုလိုဆွေးနွေးပွဲများကို မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် တစ်လတစ်ကြိမ် လစဉ်ဆောင်ရွက်ပေးပြီး မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Monglong Pageတို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)