ကလေးမြို့တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း၊ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း/လက်ခံခြင်းအခမ်းနားကျင်းပ

ကလေး ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း၊ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံခြင်း အခမ်းနားကို ယမန်နေ့က ဒေသကွက်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒေသကွက်ကဲရေးမှူးက ဆုံးမဩဝါဒစကား ပြောကြားခဲ့ပြီး ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ချပြရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ထို့နောက် အလင်းဝင်ရောက်လာသူ (၁) ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဒေသကွပ်ကဲရေးမှူးမှ အလင်းဝင်အသိအမှတ်ပြုကတ်ပြားနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားသို့ ဒေသခံတပ်ရင်းတပ်ဖွဲ့များမှအရာရှိကြီးများ၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)