ဝက်လက်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် တစ်ခါမျှထိုးနှံခြင်း မရှိသေးသည့် မြို့မစည်ပင် သာယာစျေးအတွင်း၊ အပြင် စျေးရောင်းချနေသူများကို ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေး
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် တစ်ခါမှ ထိုးနှံခြင်းမရှိသေးသည့် မြို့မစည်ပင်သာယာစျေး အတွင်း အပြင် စျေးရောင်းချ နေသူများကို ယမန်နေ့ ကစျေးရုံး ခန်းတွင် ထိုးနှံပေးကြောင်း သိရသည်။