ငဖဲမြို့နယ်တွင် မိုးရာသီ တိရိစ္ဆာန်အစာပင် (နေဗီယာမြက်) စိုက်ပျိုးနည်းသရုပ်ပြသ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ တိရိစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ကို ဇွန်လ ၁၉ ရက်နေ့မှ ၂၅ ရက် နေ့ထိ အစီအစဉ်အရ မင်းဘူးခရိုင် ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ

မိုးညှင်းတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ်ကျောင်းမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ်ကျောင်းမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက်(၉)နာရီမှ စတင်ကာ ကျန်းမာရေးဝန်ထမ်းများက လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲအား

မဟာအောင်မြေမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေမှုနှင့် နံရံကပ်စာစောင်ပြသခြင်းကို  ယ‌နေ့နံနက် (၁၁) နာရီက မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားသည့်နေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒလမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အေရိုးဗစ်သင်တန်းဖွင့်ပွဲပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက အေရိုးဗစ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကို ယမန်​နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ် ပရဝုဏ်အတွင်း ကျင်းပရာ သစ်တောဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့်ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်) မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မြင်းခြံမြို့ ပြန်ဆက်ရုံးတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့သည်။

နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ကျရောက်မည့် အပြည်အပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက​ ရွှေဘိုတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား​၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကသွားရောက် ဖြန့်ဝေပေးခဲ့​ကြောင်းသိရသည်။
Subscribe to