ကရင်ပြည်နယ်တွင် ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာချင်းဆက် မြေသားလမ်း (၃)မိုင် ဖောက်လုပ်
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက် မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန်ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာချင်းဆက် မြေသားလမ်း (၃)မိုင် ဖောက်လုပ် ခြင်း လုပ်ငန်းကို နို၀င်ဘာလ ၁၅ ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။