နမ့်စန်(တ) ဇွန် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ကျရောက်မည့် အပြည်အပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ‘သတင်းစကား’ လက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီတွင် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အထက(နမ့်စန်) နှင့် အထက(ခွဲ)၊ ၅ ရပ်ကွက် ကျောင်း သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများကို ‘သတင်းစကား’ လက်ကမ်းစာစောင် စုစုပေါင်း စောင်ရေ (၂၈၀ ) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေကောင်စီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုး တက်ရေး၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျုဟာ (၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးကဗျာ၊ ဆောင်ပုဒ်များနှင့် ကာတွန်းများပါဝင်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်