မအူပင်မြို့နယ်တွင် ငါးသယံဇာတတိုးပျိုးရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်သူများနေ့စဉ်စားသုံးကြသည့် ငါးမျိုးမပြုန်းတီးစေရန်နှင့် ငါးသယံဇာတ တိုးပျိုးစေရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးစန်းဝင်း၏ စီစဉ်မှုနှင့် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် (၈) နာရီက ဆောင်ရွက်သည်။