ရွှေဘို ဇွန် ၂၄
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက ရွှေဘိုတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကသွားရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြသနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၃၁-၁-၂၀၂၂)ရက်နေ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ (၅)ချက်၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် ကဗျာ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း စသည့်တို့ ဖော်ပြထားကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်