မြင်းခြံမြို့ ပြန်ဆက်ရုံးတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောပွဲကျင်းပ

မြင်းခြံ ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးနွဲ့က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်းဖြင့် ရရှိမည့်ပြစ်မှုပြစ်ဒဏ်များတို့ကို ဟောပြောဆွေးနွေးပါသည်။

အဆိုပါ ဟောပြောပွဲသို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)