ကျွန်းစုမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။