မြန်မာနိုင်ငံသို့ ဒူဘိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ RDT Test Kit ဖြင့် စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးစုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ဒူဘိုင်းနိုင်ငံမှ ယမန်နေ့ညက ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စင်တာတွင် ထားရှိပြီး ယနေ့နံနက်ပိုင်းက ဒူဘိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်စုစုပေါင်း (၁၃)ဦးတို့အား RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက စစ်ဆေးဓါတ်ခွဲ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက်နှင့် အသက်(၄၀) အထက် ရဟန်းရှင်လူပြည်သူများအား လူမျိုးဘာသာမရွေး ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်သုံးနေရာများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိသည်။

ဒေးဒရဲမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းစင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် Mask Camping ပြုလုပ်ဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များအား အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပင်မဒေသန္တရ ကျန်းမာ‌ရေးဌာနနှင့် မန္တ‌လေးလမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်၍ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း အသက်၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac(Corona Vac) ဆေး ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac(Corona Vac) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ပထမအကြိမ်ဆေး ထိုးနှံသူများနှင့် ဒုတိယအကြိမ်ပြည့် ဆေးထိုးနှံသူများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ GAP စနစ်ဖြင့် စိုက်ပျိုးသော ဆောင်းမြေပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးသော ဆောင်းမြေပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကျိုက်လတ်မြို့နယ်အမှတ်(၂)ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ သူ (၁၃၉)ဦးအား နေ့ချင်းပြီးဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီ က အမှတ်(၂)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ကျောက်ဖြူခရိုင် Community Centre ခန်းမ၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၇)နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ပြုလုပ်ကျင်းပသည်။

အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၌ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါစစ်ဆေးပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉​ရောဂါ ပိုးကူး စက်မှု လျော့နည်းလာသည့်အတွက် ဒီဇင်ဘာလ၁၃ရက်  က စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ပြီဖြစ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ရောဂါပိုးကင်းစင်စွာဖြင့် စာသင်ကြားနိုင်ရေးအတွက်  ယမန်နေ့နံနက်ပိုင်းက အထက(မိုင်းဖြတ်)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ (အခမဲ့)စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ဥတ္တရခရိုင်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို  ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​​ရေးဌာနမှဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။
Subscribe to