မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

၂၀၂၂ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများ  တိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် မူးယစ် ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ​မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နေ့လည် ၁ နာရီအချိန်က ကျင်းပဆောင်ရွက်သည်။

ဟုမ္မလင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နေ့လည်ပိုင်းက အမှတ် (၉၇) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝင်ကြီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) အချိန်တွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/သူ များ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းကျေးရွာအုပ်စုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးဆောင်အသင်း ပြန်လည်ဖွဲ့စည်းခြင်း အခမ်းနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊  ငပုတောမြို့နယ် ဟင်းအိုးချောင်းအုပ်စု ရေငံ-သရက်ကုန်း အ .ထ .က(ခွဲ) သံလွင်ဆောင်ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘ၊  ဆရာ အသင်းနှင့် ကျောင်းအကျိုးဆောင်အသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အတွက် တစ်အိမ်တက်ဆင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဈေးရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြေအောက်ရေလှောင်တမံတည်ဆောက်နေသည့် နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) မှ တာဝန်ယူတည်ဆောက်နေသည့် မြေအောက်တမံသို့ ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်များပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအဖြစ်
Subscribe to