မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊‌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ  Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြစိမ်းရောင် ကျေးရွာ စီမံကိန်းဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ အသိပညာပေး  နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများ ရရှိလာစေရန်၊  ကလေးအလုပ် သမား လျော့နည်းပပျောက်စေရေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်သည့် အသိ ပညာများကို သိရှိနိုင်ရန် ရည်ရွယ်၍ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာနမှ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံး၌ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ ကျောင်းသား/ကျောင်သူများ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သဖြင့် ပညာသင်ကြားလျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများပြားလာသည့်အတွက် အခြေခံပညာကျောင်းများ ယာယီပိတ်ထားခဲ့ပြီး ယမန်နေ့မှ စ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သဖြင့် အေးချမ်းစွာ ပညာသင် ကြားနေပြီဖြစ်ကြောင်း သိရသည်။

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု၂၅၉၇၉၄ ဦး ထိုးပေးနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၂၅၉၇၉၄ ဦး ထိုးနှံ ပေးခဲ့ပြီ ဖြစ်ကြောင်း ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ရေတာရှည်မြို့၌ ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကြာအင်းဆိပ်ကြီးမြို့၌ ပိုးကရင်ဘာသာ မြန်မာဘာသာဖြင့် အများပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်(omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်(Omicron) ကို သတိပြုအ‌လေးနက်ထား ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတုတ္တရာမြို့နယ်သို့ ရောက်ရှိကာ Oxygen စက်ရုံ ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က စေတုတ္တရာမြို့နယ်သို့ ရောက်ရှိကာ Oxygen စက်ရုံဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို စေတုတ္တရာမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။

မြဝတီမြို့၌  ပြည်သူများသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲOmicron(အိုမီခရွန်)ရောဂါ အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးနှင့်ပြည်သူ များ သို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)ရောဂါအသိပညာပေးတိုက်တွန်းနှိုးဆော် ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ Test-Kit ဖြင့် အခမဲ့စစ်ဆေးပေးလျက်ရှိ

 ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်  ဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာလ ၉ ရက် နေ့မှ စတင်၍ မြဝတီခရိုင်ပြည်သူ့ဆေးရုံဝင်း အရိုးဆောင်ဟောင်းတွင်  မည်သူမဆို ကိုဗစ်-၁၉ ရောဂါ သံသရှိသူများအား    ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test-Kit ဖြင့် အခမဲ့စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to