မုဒုံ ဇွန် ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာ (Incubation Center) တွင် သဘာဝချည်ဆိုးဆေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီ ဒေါ်မြတ်ဇာခြည်ကျော်က သဘာဝဆိုးဆေးနည်း ပညာရပ်ကို သင်ယူတတ်မြောက်ပြီးဖြစ်၍ လုပ်ငန်းစတင်လုပ်ကိုင်စေခြင်းဖြင့် ကျေးလက်နေ ပြည်သူတို့၏ မိသားစုဝင်ငွေတိုးပွားလာစေရန် ဆောင်ရွက် ကြစေလိုကြောင်း၊ သဘာဝချည်ဆိုးဆေး နည်းပညာရပ်များကို အသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် သရက်၊ တမာ၊ မဟော်ဂနီ၊ သစ်တို၊ ကုက္ကိုခေါက်၊ ကြက်သွန်ခွံ၊ ဒညင်းခွံ၊ ဗန်ဒါရွက်များကို အသုံးပြု၍ သဘာဝချည်ဆိုးဆေး ပညာရပ်များကို ဇွန်လ ၂၀ ရက်နေ့မှစတင် ဖွင့်လှစ်ခဲ့ပြီး ကျေးရွာများမှ သင်တန်းသား (၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)