ကလေးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ကလေး ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်ကမ်း စာစောင် (၂၅၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်များတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေး အန္တရာယ်(ကဗျာ)၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်းကာကွယ်လျက်ရှိ (၃၁-၁-၂၀၂၂) ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ၌ ပြောကြားသည့်အမှာစကားကောက်နုတ်ချက်)၊ မူးယစ်ဆေးဝါး ပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကာတွန်းနှင့် ရုပ်ပုံများ စသည့်အသိပညာပေးအကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ကျော်ဟိန်း