ဖလမ်းမြို့၌မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ကျင်းပ
ချင်းပြည်နယ်၊ ဖလမ်း မြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော တားမြစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးခြင်းကို ဇွန်လ ၂၅ ရက်၊ နံနက် ၉နာရီ ၃၀ အချိန်က ဖလမ်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။