ကဝမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကဝ ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း (ကဝ)၊ ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသူရိန်က မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား ရှင်းလင်းပြောကြားပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းယုမောင်က  လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် ပတ်သက်၍   ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  အကြီးတန်းစာရေး  ဒေါ်သက်မြတ်ဖူးက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍   ဆောင်ရန်၊  ရှောင်ရန်များအား အသိပညာပေးပြောကြားကာ အ.ထ.က(ကဝ) ကျောင်းအုပ်ဆရာမကြီး  ဒေါ်ခင်အေးသီက  ကျေးဇူးတင်စကား  ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးထံသို့ သဘာဝဘေးဗွီနိုင်းနှင့် ပိုစတာများပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊  ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)