ကဝမြို့နယ်၌ ပဲခူးမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ကဝ ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌  မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပဲခူး-ကဝ မြစ်ကူးတံတားတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊  မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ကြီးကြပ်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရေလုပ်သားကြီးများက ပဲခူးမြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ငါးမျိုးစိုက်ထည့်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့်  ငါးသယံဇာတမပြုန်းတီးစေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစားသုံးမှုမြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ပဲခူးမြစ်အတွင်းသို့(၂)လက်မအရွယ် ငါးခုံးမကြီး(၁၈၀၀၀၀)၊ ငါးမြစ်ချင်း(၂၀၀၀၀၀)၊  စုစုပေါင်း ကောင်ရေ (၃၈၀၀၀၀)အား  ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)