မယ်စဲ့ ဇွန် ၂၄
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၃ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည် က “မူးယစ်နွံတွင်းကျဆင်းခြင်းဘဝနိဂုံးချုပ်လိမ့်မည်” ခေါင်းစဉ်ဖြင့် မူးယစ် ဆေးဝါးအန္တရာယ်များ၊ သုံးစွဲခြင်းနောက်ဆက်တွဲ ခံစားရမှုများ၊ နိုင်ငံတော်မှ မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင်ရွက်နေမှုများကို ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)