နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်အဆင့်ကြီးကြပ်မှုကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နတ်မောက် ဇွန်  ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁ဝ) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က နတ်မောက်မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာလျာထားချက် စိုက်ပျိုးရန်ကျေးရွာအုပ်စု (၆၉)အုပ်စုဖြစ်ပြီး၊ မိုးစိုက်ဧကလျာထား (၃၆၂၇၇)ဧက စိုက်ပျိုးရမည်ဖြစ်ပြီး၊ ဇွန်လ တတိယပတ်အထိ (၉၉၅၀) ဧက စိုက်ပျိုးပြီးစီးဖြစ်ကြောင်း ကျန်ဧက(၂၇၇၃၉)ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အစီအမံရေးဆွဲဆောင်ရွက်ရန်၊  ကြီးကြပ်ရေးကော်မတီအဖွဲ့များမှ နယ်မြေဒေသများကို ကွင်းဆင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နေကြာစိုက်ပျိုးမည့်တောင်သူများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် တောင်သူများနားလည်သည်အထိ  အသေးစိတ် ရှင်းလင်းပြောကြားရန်၊ နေကြာစိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာစိုက်ပျိုးမည့် တောင်သူများထံသို့ မျိုးစေ့များအား စိုက်ပျိုးချိန်အမီ ဖြန့်ဝေထားပြီးဖြစ်ကြာင်း၊ သတ်မှတ်စိုက်ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေး အထူးအလေးထား ကြိုးစာဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးဖြစ်ထွန်းမှုစာရင်းအား စနစ်တကျမှတ်တမ်း ထားရှိရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာများမှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား တင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ပြန်လည်ဆွေးနွေးခဲ့သည်။ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

လှဝင်း