မင်းတုန်းမြို့နယ်တွင် ကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်ဓာတ်အားစတင်ပို့လွှတ်

မင်းတုန်း ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ဥယျာဉ်ပု(အရှေ့)ရွာနှင့် ဥယျာဉ်ပု(အနောက်) ရွာကို ကျေးရွာမီးလင်းရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ဓာတ်အားစတင် ပို့လွှတ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းရွှေက အမှာစကားပြောကြားပြီး မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်က လျှပ်စစ်မီးအသုံးပြုပုံနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆွေးနွေးခဲ့သည်။

အဆိုပါကျေးရွာ မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဥယျာဉ်ပု(အနောက်)ရွာကို NEP Phase-2 ဖြင့် တည်ဆောက်ပြီး 11KVA လိုင်း 100KVA ထရန်စဖော်မာ 400V လိုင်းဖြင့်အိမ်ခြေ (၁၃၇)အိမ်သို့  လျှပ်စစ် ဓါတ်အား ပို့လွှတ်နိုင်ပြီး ဥယျာဉ်ပု(အရှေ့)ရွာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် 11KVA လိုင်း 100KVA ထရန်စဖော်မာ 400V လိုင်းတည်ဆောက်ခဲ့ပြီး အိမ်ခြေ (၄၅)အိမ်သို့ မင်းတုန်းမြို့ လျှပ်စစ်ဓါတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)