မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင် မကွေးမြို့ အ.ထ.က(၄)ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေး ဇွန် ၂၅

မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးမြို့ အ.ထ.က(၄) ကျောင်းဝန်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့သို့ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများစုပေါင်း၍ မကွေးမြို့ အ.ထ.က(၄)ကျောင်းဝန်း ဘောလုံးကွင်းအတွင်းရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်း ခြင်းနှင့် အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းခြင်း စသည့် စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်သည် မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မကွေးမြို့ အ.ထ.က(၄)ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က မိမိတို့မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည် အရေးကြီးပါကြောင်း၊ ဆရာ/ဆရာ များနှင့် ကျောင်းသား/သူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက်သာမက ကျောင်းသား/သူများ အားလပ်ချိန်များ၌ အားကစားများပြုလုပ်ရာတွင် ပျော်ရွှင်စွာကစားနိုင်ရေးအတွက်လည်း အရေးကြီးပါကြောင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ ရေး၊ အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက်လည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

အဆိုပါ ကျောင်းဝန်းစုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို စုစုပေါင်းလူဦးရေအင်အား (၂၄၀)ဦးခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး သန့်ရှင်ရေးလာရောက်ဆောင်ရွက်သူများအား မြန်မာ့ရိုးရာမုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)