မြစ်သားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွဲသုံးမူနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

မြစ်သား ဇွန် ၂၆ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမူနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ၊ မြစ်သားမြို့မစျေးနှင့် အခွန်လွတ်စျေးအတွင်း သွားရောက် ၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးဝါးပြသာနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံး စွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ် (ကဗျာ)၊ မူးယစ်ဆောင်ပုဒ်များနှင့် ကာတွန်း စသည့်အကြောင်းအရာများပါ၀င်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကိုလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ ပူးပေါင်းကာ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြေင်း သိရသည်။

သီတာအောင်(မြစ်သား)