လှည်းကူး ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှုအခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ၌ ဦးပိုင်အမှတ်-၂၉ (က)၊ ကွင်းအမှတ် (၁၀၁၇.ခ)တောင်သူဒေါ်ချယ်ရီ၏ လယ်မြေတွင် အမှတ်(၃၅) စက်မှုလယ်ယာစခန်း ထောက်ကြန့်မြို့မှ ကောက်စိုက်စက်(၂)စီးဖြင့် မင်းလွင်ကုန်ကျေးရွာနှင့် အနီးပတ်၀န်းကျင်ကျေးရွာများက ဒေသခံတောင်သူမျာအား လက်တွေ့သရုပ်ပြမောင်းနှင်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြောက်ပိုင်းခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန်းထွဋ်မှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင်း ရရှိလာမည့် အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက ဒေသခံ တောင်သူများစိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှုအခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် စက်မှုလယ်ယာဦးစီးဌာနက အချိန်နှင့်တပြေးညီ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မင်းလွင်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတောင်သူများ လာရောက်ကြည့်ရှုလေ့လာဆွေးနွေးခဲ့ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)