တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အဆင့် ၅ ရရှိခဲ့သော ကျောင်းသူအား ဂုဏ်ပြုပွဲကျင်းပ

ရေတာရှည်  ဇွန် ၂

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးတွင် ဝိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး၌ အဆင့်(၅)ရရှိခဲ့သော ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာနေ ကျောင်းသူ မစုစုထွန်းအား  မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ ရေတာရှည်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းလှိုင်ဝင်းနှင့် တာဝန်ရှိသူများက ဇွန်လ ၂၄ ရက် ည​နေပိုင်းတွင် ရေတာရှည် မြို့နယ်အဝင် ရေနီမြို့သို့ သွားရောက်၍ဂုဏ်ပြုပန်းကုံးစွတ်ကြိုဆိုခဲ့ပြီး မြို့နယ်အ​ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ချီးမြှင့်ထောက်ပံ့ငွေကျပ် (၁၀) သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ချီးမြှင့်ထောက်ပံ့ငွေကျပ်(၂)သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာကဒ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှလည်းကောင်း၊ ရေတာရှည်မြို့နယ် ပညာရေးမှူးရုံးမှ ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁) သိန်းအား မြို့နယ်ပညာရေးမှူးမှလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့​ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)