ဒေးဒရဲ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးကော်မတီက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများ၏ ကန့်သတ်မှုမရှိသော တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းက အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ဗဌေးလမ်းအား အရှည်(၈၇၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၆)လက်မဖြင့် ဆောင်ရွက်မည့် လမ်း၏ တင်ဒါစည်ကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တင်ဒါဆွဲဝယ်လုပ်ကိုင်မည့် ကုမ္ပဏီများအား သတ်မှတ်အမှတ်ပေးစည်းမျဥ်းများနှင့်အညီ တင်ဒါရွေးချယ်ရေး ကော်မတီက စိစစ်၍ ကြမ်းခင်းစျေးသတ်မှတ်ပြီး ရွေးချယ်ခဲ့ရာ နွေဦးခင်ကုမ္ပဏီက ငွေကျပ်(၂၃.၀၉)သန်းဖြင့် တင်ဒါရရှိခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် စာချုပ်ချုပ်ဆို၍ လုပ်ငန်းများ အမြန်ဆုံးစတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း