လေးမျက်နှာ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝါးရုံချောင်းကျေးရွာအုပ်စု၊ ကုန်းကြီးကျေးရွာနှင့် အကယ်ကျေးရွာတို့တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးကျော်သူက ကျေးရွာတွင်းဆောင်ရွက်မည့် စီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းဆောင်ရွက်ရန် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ကျေးရွာများကိုသာ စီမံကိန်း ဆောင်ရွက်ခွင့်ရသောကြောင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုကြောင်းနှင့် စီမံကိန်း ဆောင်ရွက်မှုကြောင့် ရရှိလာမည့် အကျိူးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆန္ဒမဲစနစ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းကော်မတီဝင်များ ရွေးချယ်ပေးခဲ့သည်။
လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ ကျေးရွာလျှပ်စစ်မီး ရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများ ရေးဆွဲပြီး ဆောင်ရွက်လျက်ရာ ကျေးရွာနေပြည်သူများ၏ လူမှုဘဝနေထိုင်ရေးအတွက် များစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)