ကျိုင်းတုံ ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးအလုံးရေ ၁၀၀၀၀ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်က ရောက်ရှိသည်။
တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၁၀၀၀၀ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။
အဆိုပါ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၁၀၀၀၀ သည် တစ်လုံးလျှင် လူဦးရေ ၅ ဦး ထိုးနှံပေးနိုင်ပြီး လူဦးရေ ၅၀၀၀၀ ဦးစာအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်အောင် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်