ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို နံရံကပ်စာစောင်ပြပွဲ ပြသ

ဗိုလ်တထောင် ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင် ပြပွဲတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်များ၊ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ၊ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းအကျဉ်း စသည့် စကားစုများကို နံရံကပ်စာစောင်အဖြစ် ခင်းကျင်ပြသခဲ့ရာ အ.မ.က(၆) ဗိုလ်တထောင်ကျောင်းမှ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

မေနှင်း