(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ စာစီစာကုံပြိုင်ပွဲနှင့် အသိပညာပေးဟောပြော

မင်းလှ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ စာစီစာကုံပြိုင်ပွဲနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့မွန်းလွဲ ၁ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နံရံကပ်စာစောင်၊ စာစီစာကုံပြိုင်ပွဲနှင့် စာအုပ်ပြပွဲ များ ပြသရခြင်းအကြောင်းကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ သည်။

ဆက်လက်၍  “လွတ်လပ်ရေးနေ့ ဒို့မမေ့" ခေါင်းစဉ်ဖြင့် စာစီစာကုံပြိုင် ပွဲကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ဆုရရှိသူများကို ဆုများအသီးချီး မြှင့်ခဲ့ကြသည်။

ထို့နောက်(၇၄) နှစ်မြောက်လွတ်လပ် ရေးနေ့အထိမ်းအမှတ်နံရံကပ်နှင့် စာအုပ်စာ‌စောင်များ ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူ​ ကျောင်းသား၊ ကျောင်းသူများ ကလေးငယ်များ ဖတ်ရှု့လေ့လာခဲ့‌ကြောင်း သိရသည်။

ပေါက်စ မင်းလှ