ရွှေဘို၌ တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စပြံကွက်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

ရွှေဘို ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက တင်း(၁၀၀)ထွက်ရှိရေး စပြံကွက်ဖြစ်သော မြင်ချင်ကျေးရွာရှိ ကွင်းအမှတ်(၃၀၃၁) ဦးပိုင်အမှတ်(၂၇) တောင်သူ ဦးရွှေမောင်၏ ရွှေဘိုပေါ်ဆန်း စိုက်ဧကတွင် ယနေ့နံနက် ၁၀နာရီက မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေး ကာင်စီဥက္ကဋ္ဌ ဦးမျိုးဦးနှင့် တာဝန်ရှိသူများ၊  ကွင်းသရုပ်ပြပွဲကို၊ ခရိုင်/မြို့နယ် စိုက်/မွေး ကော်မတီဝင်များဖြစ်သည့် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်/မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ခရိုင် စိုက်ပျိုးရေး ဦးစီးမှူး ဦးတင်မောင်ဆွေ တို့တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် မိမိ၏ စပါးခင်းအထွက်နှုန်းကို ခန့်မှန်းသိရှိစေရန် လည်ကောင်း၊ အထွက်နှုန်း မိတ်ဖက်များ ဖြစ်သော ကောက်ကွက်ပင်များ၊ ပင်ပွားများ၊ စပါးနှံတစ်နှံတွင် ပါဝင်သော အောင်စေ့များ၊ အစေ့တစ်ထောင်၏ အလေးချိန်း စသည်တို့ကို သိရှိစေရန်လည်ကောင်း၊ လာမည့်နှစ် စိုက်ပျိုးရာသီတွင် စပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် အထွက်နှုန်းမိတ်ဖက် အားနည်းချက်၊ အားသာချက် များကို ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် လည်ကောင်း ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်း က ပြောကြားသည်။

ထိုမိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို တောင်သူ  ဦးရွှေမောင်၏ မိုးစပါး ရွှေဘိုပေါ်ဆန်း (ပေါ်ဆန်းရင်)( ၂၀)ဧကတွင် (.၁၀)ဧကအ ရိတ်သိမ်း ချွေလှေ့စက်ဖြင့် ရိတ်သိမ်းရာ စံကွက် အစိုအထွက်နှုန်း ၁၁.၃တင်း ထွက်ရှိပါသဖြင့် တစ်ဧက အထွက်နှုန်း (၁၁၃.၁၃)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ထွန်းမြင့်အောင်