ကော့ကရိတ်မြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေး
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အသက် (၁၆)နှစ်နှင့် (၁၈)နှစ်အကြား၊ အသက် (၁၈)နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ် မရှိသည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က အထက(၂) ကျောင်း၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။