ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော် ဆောင်ရွက်

ဒဂုံအရှေ့ ဒီဇင်ဘာ ၃၀

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို  ယနေ့မွန်းလွဲပိုင်းက ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသိပေး နှိုးဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မျိုးဗီဇပြောင်း အိုမီခရွန်  ကိုဗစ်-၁၉ရောဂါသည် မိမိတို့ရပ်ကွက်များအတွင်း မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကာကွယ်ရေးလုပ်ငန်များဖြစ်သည့် ကိုဗစ်-၁၉ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံထားကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ အပြင် ထွက်သည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)  တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး (သို့မဟုတ်)တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကို ဆပ်ပြာဖြင့်စက္ကန့် ၂၀ကြာအောင် စနစ်တကျဆေးကြောခြင်းများဖြင့် ကိုဗစ်ရောဂါ ပိုးကူးစက်ပြန့်ပွားမှုကို လျော့နည်းကျဆင်းရေးအတွက် ပြည်သူတစ်ရပ်လုံးက  ပူးပေါင်းပါဝင်ကြရန် အသိပေး၊ သတိပေးခြင်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး အခြားနေ့ရက်များတွင်လည်း ရပ်ကွက်များအတွင်းသို့ ဆက်လက် နှိုးဆော် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးမဉ္ဇူ