ချမ်းမြသာစည် ဒီဇင်ဘာ ၃၀
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ်(၃၁) အခြေခံ ပညာအထက်တန်းကျောင်းနှင့် ကန်သာယာရပ်ကွက်တို့၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေးဆိုသည်မှာ၊လွတ်လပ်ရေးကိုကာကွယ်ရမယ်၊ပြည်သူတွေရဲ့အင်အားသည်သာအဓိက (နိုင်ငံခေါင်းဆောင် ကြီးများ၏ မိန့်ခွန်းကောက်နုတ်ချက်များ) စာရေးဆရာ ဖိုလေး လုံးသောင်းကိုကို ရေးသားသော တို့များဆင်မြန်းလွတ်လပ်ပန်း (ကဗျာ)၊ ကမ္ဘာတည်သရွေ့ မြန်မာ့လွတ်လပ်ရေးတည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့ တိုင်းရင်းသား အားလုံးက ပြည်ထောင်စုစိတ်ဓါတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုစိတ်ဓါတ်တို့ဖြင့် ထိန်း သိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် လွတ်လပ်ရေးနေ့ အသိပညာပေးရုပ်ပြများ ပါဝင်သည်။
သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေရာသို့ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကပြည်သူများနှင့် ကျောင်း သား/ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)