ရွှေသောင်ယံမြို့တွင် မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လိုက်လံနှိုးဆော်

ရွှေသောင်ယံ ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်  အိုမီခရွန်မျိုးဗီဇပြောင်း ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် () နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများမှ ရပ်ကွက်များအတွင်း၌ လိုက်လံနှိုးဆော်မှုများပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါနှိုးဆော်မှုတွင် အိုမီခရွန်မျိုးဗီဇပြောင်း ကူးစက်ရောဂါသည် ယခုအခါ၌ ကမ္ဘာ့နိုင်ငံအတော်များ များ၌ ကူးစက်ပျံ့နှံ့မှုများ ရှိလာသည့်အတွက် မိမိတို့မြို့ရွာအတွင်းရှိ ပြည်သူများ အထူးဂရုပြု သွားလာနေထိုင်ကြရန် အိမ်ပြင်သို့ ထွက်ခွါသွားလာပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ လူစုလူဝေးများတွင် မလွှဲမရှောင်သာ သွားလာနေထိုင်ရပါက (Face Shield)များကို ပါတပ်ဆင်သွားလာရန်၊အပြင်ကပြန်လာတိုင်း(Mask)များကိုအမှိုက်ပုံးများအတွင်းစနစ်တကျစွန်ပြစ်ရန်၊ လက်ကို မကြာခဏဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ လူစုလူဝေးများကို အတတ်နိုင်ဆုံး ရှောင်ရှားပြီးလေဝင်လေထွက်ကောင်းသောနေရာများတွင်နေထိုင်ကြရန်၊ဖျားနာ ပြီးသံသယရှိပါကကျန်းမာရေးဌာနသို့ဆက်သွယ်အကြောင်းကြားကာဆေးကုသမှုခံယူရန်စသည်ဖြင့်တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမောင်