စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အစည်းအဝေး မုံရွာမြို့၌ကျင်းပ

မုံရွာ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးအမျိုးသမီး ကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ‘‘အမျိုးသမီးများအားလုံး နောက်တွင် မကျန်ခဲ့စေဘဲ အားလုံးပူးပေါင်းပြီး သာတူညီမှု၊ တန်းတူညီမျှသော အခွင့်အရေးများကို ကျား/ မရွေးခံစားခွင့်ရရှိနိုင်ရန် ဖော်ဆောင်သွားနိုင်ရေးအတွက် အားလုံး ပူးပေါင်း ဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးအမျိုးသမီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နေမှုများကို အသီးသီး တင်ပြကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကဏ္ဍအလိုက် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး  ဆက်လက် ဆောင်ရွက်ရန် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြကြောင်း သိရသည်။

ထွန်းကိုကို