ပန်းတနော်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြည်သူများ၊ ကျောင်းသား/ သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီတွင် မြို့မစျေးနှင့် အ.ထ.က( ၁) အခြေခံပညာအထက်တန်းကျောင်း၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။