တာလေ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လတွင် ပြည်ထောင်စုငွေလုံးငွေရင်း၊ ပြည်နယ်ငွေလုံးငွေရင်းနှင့် ပြည်နယ်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တာလေမြို့ရှောင်လမ်းအား ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်၍ တာလေမြို့ လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့တွင် ယခုတည်ဆောက်နေသော မြို့ရှောင်လမ်းသည် အရှည် ၅.၅ ကီလိုမီတာ၊ အကျယ်၄၀ပေရှိ လမ်းအား မြေသားဘောင်ချဲ့၍ မြေနီခင်းခြင်း၊ တံတားချဉ်းကပ်လမ်းဆောင်ရွက်ခြင်း၊ ၅ပေကွန်ကရစ်တံတားတည်ဆောက်ခြင်းနှင့် မြေယာလျော်ကြေးပေးချေရန်အတွက် ပြည်ထောင်စု ငွေလုံးငွေရင်း၊ ပြည်နယ်ငွေလုံးငွေရင်းနှင့် ပြည်နယ်ပြင်ဆင်ထိန်းသိမ်းရန်ပုံငွေတို့မှ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၁၆၈.၀၂၇ သန်းကို ခွင့်ပြုချထားပေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင်းအပြီး သတ်ဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်ကာအတွင်းလမ်း၏ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပြီးစီးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ကိုကိုအောင်ထံမှ သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)