မုံရွာ ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက် နှင့်အညီ တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စားသုံးသူ ပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရည်လင်းထွဋ် က စားသုံးသူအခွင့်အရေးများ၊ ဌာန၏ဆောင်ရွက် နေသောမူဝါဒ၊ ကုန်အညွှန်းအမှတ်အသားများ၊ CICC သည် တိုင်ကြားမှု များအား လက်ခံပြီး စားသုံးသူကော်မရှင်၊ ကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်းများ အကြောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်၍ သိလိုက်နာဆောင်ရွက်ရန် အချက်များအား ရှင်းလင်း ပြောကြားသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ မုံရွာမြို့ပေါ်ရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စျေးတာဝန်ရှိသူများနှင့် စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိဝန်ထမ်းများ စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)