အောင်လံမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 

အောင်လံ  ဒီဇင်ဘာ  ၃၀

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများမှ ဆုရကျောင်းသား၊ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့  မွန်းလွဲ  နာရီက ပြုလုပ် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးမျိုးသိန်းက ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဆရာကြီး ဦးမြတ်အောင်ကျော်က ပန်းချီပြိုင်ပွဲအမှတ်ပေး အကဲဖြတ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဆရာကြီးဦးတင်ဝင်းက ပုံပြင်ပြိုင်ပွဲအမှတ်ပေး အကဲဖြတ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင် များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင် (ပြန်/ဆက်)