ရန်ကင်း ဒီဇင်ဘာ ၃၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အားကစားနှင့်လူမှုရေးရာဝန်ကြီးဌာန၊ အရှေ့ပိုင်းခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)သင်တန်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် ရန်ကင်းအခြေခံပညာလေ့ကျင့်ရေးသင်တန်း ကျောင်းတွင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်တန်းအား လူငယ်များ ကျန်းမာကြံခိုင်စေရန်နှင့် ကိုယ်ခန္ဓာသန်စွမ်းစေရန် စိတ်ရွှင်လန်းတက်ကြွစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်းအား ၂၀၂၁ ခုနှစ်ဒီဇင်ဘာ ၂၇ ရက်မှ စတင်၍ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ကျောင်းပိတ်များမှအပ ကျန်ရက်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား သင်တန်းသား(၃၀)ဦးတက်ရောက်ပြီး နေ့စဉ် မွန်းလွဲ ၁နာရီမှ နေ့လယ် ၂ နာရီထိ သင်တန်းပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးရဲကျော်သူထံမှ သိရသည်။
လှလှထွေး