ရသေ့တောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူတောတိုးဖို့လူရာဝင်ဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရသေ့တောင်   ဒီဇင်ဘာ  ၃၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများပူးပေါင်း၍ စာရေးဆရာသုတေသီ ဘုန်းမြင့်သွေး ရေးသားသည့်လူတောတိုးဖို့လူရာဝင်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စံထွန်း က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ဦးစီးမှူး က အခန်း()ပါ ပညာရှိရင်လူရာဝင် လူဖြစ်ရကျိုးနပ်မယ်ထင်တယ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေချစ်သူ မောင်မျိုးဟိန်းသူက အခန်း(၁၃)ပါ အချိန်ကိုတန်ဖိုးထားမှ လူရာဝင်မယ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေချစ်သူ မနွယ်ဝင်း က အခန်း(၁၇)ပါ လူရာဝင်အောင် မေတ္တာနှင့်ပေါင်းသင်းပါ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်သူများမှ တစ်ဦးနှင့်တစ်ဦး စာပေအမြင်ချင်းဖလှယ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်စံထွန်း