ကျောက်ဖြူခရိုင် (Community Centre) ခန်းမ၌ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင် စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဖြူ    ဒီဇင်ဘာ  ၃၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား စာကြည့်တိုက်လုပ်ငန်း တာဝန်များအား သိရှိနားလည်စေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ်အမြင်သစ်များအား မျှဝေတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ညနေ နာရီက  စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်အောင်တင်ကြည် ဦးစီးအရာရှိ (တာဝန်ပေး)က စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးစာအုပ်၏ စာကြည့်တိုက်ဉပဒေနှင့် နည်းဉပဒေဆိုင်ရာ သိသင့်သည့်အချက်များ စာပိုဒ်ပါအကြောင်းအရာများ ထဲမှ စာကြည့်တိုက်အောင်မြင်ရေး၊ စာကြည့်တိုက်လုပ်ငန်း ကျွမ်းကျင်မှုရှိရေး၊ စာကြည့်တိုက်မှူး၏ အရည်အချင်းများနှင့် စာကြည့်တိုက်ဝန်ထမ်းများ ထားရှိရမည့်ခံယူချက်၊ ယုံကြည်ချက်နှင့် ဆောင်ရွက်ချက်အစရှိသည့် စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို ဦးဆောင် ဆွေးနွေးခဲ့သည်။  ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်ခင်မာအောင် က စာကြည့်တိုက်အောင်မြင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးတင်ထွန်းဦး (ဓာတ်ပုံကျွမ်းကျင်-)က စာကြည့်တိုက်အမျိုးအစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သိန်းသိန်းနိုင် (ရုပ်သံကျွမ်းကျင်-)မှ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဒေါ်နှင်းသဇင် (ပုံနှိပ်ကျွမ်းကျင်-)မှ စာကြည့်တိုက်ပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း စာကြည့်တိုက်အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး သိရှိလိုသည်များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

တင်ထွန်းဦး