အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှုးကြီးအောင်ဇော်မျိုး မြင်းခြံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများနှင့်တွေ့ဆုံ

မြင်းခြံ ဇွန် ၃၀

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်မျိုး၊ မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့်အဖွဲ့ဝင်များသည် မြင်းခြံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့နေ့လယ်(၃) နာရီအချိန်က မြင်းခြံတက္ကသိုလ်ပင်မဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မင်းက ကျောင်းသား/ သူများအား နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အလယ်ပိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်မျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့်အဖွဲ့ဝင်များ၊ မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်တာအေးအေးဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်၊ မေဂျာပေါင်းစုံမှ ကထိက/ဌာနမှူး ဆရာ/ဆရာမများက မြင်းခြံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေကြသော ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေးပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ကျောင်းသား/သူ (၅၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။                                                             

ကျော်စွာ(မြင်းခြံ)