လောင်းလုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လောင်းလုံး ဇွန် ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးဉာဏ်ဝင်းနှင့်အဖွဲ့များက ဇွန် ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့်အဖွဲ့များ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုင်ဆောင်စို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြားအား အသက်(၁၀)ပြည့်ပြီးသူ နိုင်-၃(က) (၄၈၆)ဦး၊ အသက်(၁၈)နှစ်နှင့်အထက် နိုင်-၆(က) (၁၀၈)ဦး၊ မိတ္တူ (၁၁၈)ခု၊ လဲလှယ်(၄၅)ဦး အိမ်ထောင်စု စာရင်း(၈၅)စု၊ မွေး/တိုး (၃၈၉)ဦး၊ ပယ်ဖျက်(၁၀၅)ဦးတို့အား ပြုလုပ်ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်သူလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)