လက်ပံတန်းမြို့၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

လက်ပံတန်း ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းသင်တန်းကို ကိုင်းတောစုကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌  ယမန်နေ့နံနက်က ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးမိုးဝင်းက  တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးရေးနှင့် ဒေသတွင်း အဟာရတန်ဖိုးမြင့်မားသည့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထုတ်လုပ်လာနိုင်စေရေးနှင့် အစာရှားပါးချိန်များတွင် ကျွေးမွေးနိုင်ရန်၊ လွတ်ကျောင်းစနစ်မှ ခြံလှောင်မွေးစနစ်သို့ ဆောင်ရွက်ရာတွင် တိရစ္ဆာန်များအား ကျွေးမွေးနိုင်ရန် မြက်ချဉ်ဖတ်ပြုလုပ်ခြင်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း၊ မြက်ချဉ်ဖတ်ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ ဒေသခံ တောင်သူ(၂၀)ဦး တက်ရောက်၍ သင်တန်းကာလမှာ  ၄ ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မျိုးမင်းထွန်း