တပ်ကုန်း ဇွန် ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြို့နယ်ကျုးကျော်အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေးကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရန်ကုန်-မန္တလေး ကားလမ်း၊ မြို့ဝင်/ထွက်တိုးဂိတ်အနီး၊ ရှောက်ကုန်းကွင်း၊ လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပိုင် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင်ကျူးကျော်ဆောက်လုပ်ထားသည့်အဆောက်အဦများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ဖယ်ရှား ရှင်းလင်းခဲ့သည်။
ထိုသို့ ရှင်းလင်းရာတွင် အင်အား(၁၉၈)ဦး၊ ဘက်ဟိုးတစ်စီး၊ ထွန်စက်တစ်စီး၊ ပစ္စည်းသယ်မော်တော်ယာဉ်(၄)စီးတို့နှင့် ခြံစည်းရိုးများ၊ ကွမ်းယာဆိုင်များ၊ တဲများ၊ အိမ်များ၊ စုစုပေါင်း(၂၀)လုံးတို့ကို ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်