လှည်းကူးမြို့နယ်၊ အောင်မဂႅလာရပ်ကွက် ဥယျာဉ်ကျောင်းတိုက်ဆရာတော်မှ ကျောင်းသား၊ကျောင်းသူများအား စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်း

လှည်ကူး ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် အောင်မဂႅလာရပ်ကွက်ရှိ ယျာဉ်ကျောင်းတိုက်ဆရာတော်က အဝိုင်းကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်းနှင့် အခြေခံပညာမူလတန်းလွန်ကျောင်းတို့မှ ကျောင်းသား/သူများအား ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်း ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ လှူဒါန်းရာတွင် ကျောင်းသား/သူ တစ်ဦးလျှင် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများ ထောက်ပံ့ပေးအပ်လှူဒါန်းပြီး စုစုပေါင်း ကျောင်းသား/သူ (၂၅၅)ဦးတို့အား လက်ဝယ်အရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)